ထု ထောင်း ရိုက်နှက်
ငယ် သံ ထွက် အောင်
ထိုး နှက် လှီး သတ်
သွေး ပွက် ပွက် ယို
သေ ပြီ ဆို မှ
ဖြတ် တောက် စိတ် ပိုင်း
အင်္ဂါ တိုင်း ကို
အရိ အရွဲ အချွဲ တွေ ထုတ်
ဆား နဲ့ သုတ် ကာ
အသား ပိုင်း တစ်
ဖြစ် သထက် ဖြစ် အောင်
နုတ် နုတ်ရယ် စဉ်း
မီး ပြင်း ပြင်း မှာ
ဒယ်အိုး ပူ ပူ
ဆီ ပူ ကျက် ကျက်
နနွင်း ခတ် ကာ
ချို ဖန် စပ် ခါး
ဆုပ် နယ် ထား လို့
အရသာ ပို
ကောင်းမယ်လိုဟု
စိတ်က ထင်မှတ်
သွားရည် စက်ယို
အသားကျက် ကို
စားလိုသည့်စိတ်
ခေတ္တ ပိတ်ကာ
နင့် အသက်ဆို
ဘယ်လိုလဲ ................ ????
.....................................................။ ။
မင်းနောင်ရိုး
No comments:
Post a Comment