ရင်မှာချည်နှောင်တဲ့
ကျိုးတချောင်းကြောင့်
ဥတ္တရ ဇောင်းကို
ဦးခေါင်းနဲ့ ပြေးစောင့်ရဲခဲ့ပါတယ်
အဲ့ဒိနေ့..........
ရွှေအိုရောင် တိမ်တိုက်တွေရဲ့ကြား
အကျွန့်ရဲ့ အလှကို
ပြုံးရွှင်စွာကြည့်နေတဲ့
သခင်အတွက်
အလှပဆုံးအသုံးတော်ခံပြီး
အမှုတော်ကို ကုန်စင်အောင်
ထမ်းဆောင်ခဲ့ပါတယ်.....
သခင်ချည်နှောင်တဲ့
ကျိုးတစ်ချောင်းကြောင့်ပဲ
အကျွန်တို့ပျော်စံရာ
ကောင်းကင်ကျယ်ကြီးမှာ
ရှင်သန်ခွင့်ရခဲ့လို့
ကြိုးကို မဖြတ်လိုက်ပါနဲ့ ...
သခင့်၏ စိတ်စေစားမှုနဲ့အတူ
ပျော်မွေ့ရမဲ့သူပါ...သခင်
No comments:
Post a Comment