Sep 29, 2010

ငုယင်ဗန်ထွိုင်

ငုယင်ဗန်ထွိုင်
တုယှဉ်မပြိုင်နိုင် သတ္တိသွေးကိုတော့
စာနုယဉ် စီကာကုံးလို့
ဂုဏ်ပြုလိုက်ပေတော့သည်

နယ်ချဲ့ ကိုအာခံ
အညံ့မခံ ဇာတိသွေးနဲ့
ဗီယက်နမ်မြေမှာ မြေလန်စေခဲ့တဲ့
တော်လှန်ရေးရဲ့ သတ္တိသွေးကို
တမျိုးသားလုံး သိစေဖို့
အသက်ကို စတေးလို့  ပြခဲ့တယ်

ထွက်သက်ပေးတောင်
အလင်းရောင် မမြင်စေတဲ့
အနက်ရောင် ဒီမျက်စေ့စီးကို
ဆွဲဖယ်လို့ရင်ဆိုင်
သေမင်းကို အံပြိုင်တုတဲ့
ငုယင်ဗန်ထွိုင်............

အမှန်တရား ပန်းတပွင့်
ပြောင်းဝမှာ ကြွေလွင့်ခဲ့ပြီ
နှောင်းမြညှာတွေ သိစေဖို့
ကောင်းဖို့ရည် အဖနိုင်ငံအတွက်
သေပစေ အသက်ကိုရင်းတာ
တန်ပါတယ် (ဗန်ထွိုင်) သူရဲကောင်းရယ်......။ ။

                                                မင်းနောင်ရိုး

No comments:

Post a Comment