Sep 30, 2010

တိမ်ကကြိုး ..

တဆုပ်တဆုပ် တိမ်ဖြူဆုပ်အား

ဝေ့၀ိုက်ခွေဆင်း ရှင်လေမင်းသည်

အဘယ်ပုံသို့ ပြုမည်နည်း


တခါတရံ တိမ်မိလ္လာက

ငွေဆောင်သဲစု နုနုသဏ္ဍာန်

ပြုလေပြန်သည်


တခါတပါး တိမ်တွေကြားမှာ

ထုနှင့်ထည်နှင့် လျှပ်ပန်းဝင့်လို့

တိမ်တောင်တိမ်တန်း ဆန်းဆန်းပြားပြား

ဝင့်ကြွားခန့်ထည် နေကြပြန်တယ်


ဘော်ငွေရောင်ထုတ် တိမ်ညိုပုပ်နှင့်

ညနေဆည်းဆာ နေရောင်လာတော့

ရွှေအိုရောင်လည်း တောက်ပြန်တယ်

ကောင်းကင်မိုးလုံး အပြည့်ဖုံးလို့

သူ့မာန် သူ့အား သူစွမ်းအားနဲ့

နေပေါက်အပ်ဖျား မြေမနားအောင်
 
ဖြန့်ကျက်ရင်းပင် အောင်ပွဲဆင်သည်

အသင်သည်ကား 

ထက်ကောင်းကင်ရဲ့ အလှတပါး...................။    ။

                                                 မင်းနောင်ရိုး

No comments:

Post a Comment