ဘ၀မှာ
မျှော်လင့်ချက်နဲ့
ခရီးဆက်နေသူချည်းပါပဲ .........
ကြယ်တွေ နေ့တိုင်း မကြွေပေမဲ့
လူတွေ နေ့တိုင်း ကြွေကြတယ်
တွေ့ကြတယ် ...
ဆုံကြတယ် .....
ပြီးတော့ ..
ဟုတ်ကနဲ ငြိမ်းသွားတဲ့
မီးတောက်လေးများ ပမာ ......
တိတိကျကျ ဖြတ်ချလိုက်သလိုပဲ
ထောက်ကနဲ ဆိုတာနဲ့
မှောင်မဲသွားမှာပါ .........
ဒီလိုနဲ့ပဲ
ဖြစ်တည်မှုတွေ
ဝယ်ကြ ရောင်းကြ
လဲကြ လှယ်ကြရင်း
သံသရာဧည့်သည်တွေ
ခရီးဆက်လာလိုက်ကြတာ
ဗုဒ္ဓခေတ်က
တီကောင်တောင် ဖြစ်ခွင့်မရှိတဲ့
ငါ ..............။ ။
မင်းနောင်ရိုး
No comments:
Post a Comment