Oct 1, 2010

နတ်သျှင် .. အလှ

လှလိုက်ပါပေ့ သက်လှနုညာ
ပန်းပုဆရာ တုကာပင်မယှဉ်နိုင်ဘု
ရွှေအဆင်းနဲ့ ထိပ်ခေါင်တင်
ဘ၀င်ပို ရင်ဖိုဖို ဟိုကောင်းကင်ဆီမှ
ကြယ်စင်တစ်သိန်း ယိမ်းနွဲ့ပါတဲ့ တိမ်ယံပျို
ပိုင်စိုးရကြယ်စင်မှုးရယ်ကွယ်
ရူးလောက်အောင်လှတယ်ပ
ယမင်းသဏ္ဍာန်အဆင်းရယ်နှင့်
ဘဒ္ဒမြေ ၀သုန်အခင်းမှာမှ
သက်ဆင်းသည့် နတ်မိပျို
ရတနာအစုံ ပုံကာသပေလိမ့်
ပန်းချီဆရာအကုန် ခြယ်ကာသပြန်တော့
မမှီပါ့ သူ့အလှဂုဏ်
လှသွေးရယ်ခြုံ တစ်သက်ငေးလို့မကုန်တော့
မျက်ဝန်းလှ ပြာလဲ့ရီမှာ
အသွေးသည်ခြောက်ခမ်းပါပေါ့
ကြောက်ရမ်းကာမပြောပါ
သမုဒယဟာ အမှန်ပါတွယ်ရစ်ပြီမို့
အမြစ်တွယ်ငါ့အသဲမှာမှ
ချစ်လှပါသတဲ့ ချစ်သူရယ်..........။     ။

No comments:

Post a Comment